Explore
Also Available in:

ကမ္ဘာဉီး ကျမ်းခေတ် ရေလွှမ်းမိုးမှုသည်

ဖြစ်ရပ်မှန်လာ? စိတ်ကူးယာဉ်ဝတ္တုလား?

သမ္မာကျမ်းစာတွင် ဖေါ်ပြသည့် နောဧခေတ် ရေလွှမ်းမိုးခြင်းသည် ဖြစ်ရပ်မှန်ဖြစ် ကြောင်းကို လူအမြောက် အများက သံသယရှိကြသည်။ သူတို့မှာ မဖြေနိုင်သော မေးခွန်းများစွာ ရှိကြသည်။ လွန်ကဲစွာ ချဲ့ကားသောပုံပြင် သို့မဟုတ် စိတ်ကူးယာဉ် ဝတ္တုဖြစ်သည်ဟု ယူဆ ကြသည်။ နောဧ ခေတ်ရေလွှမ်းမိုးခြင်းအားယုံကြည်နိုင်ဘွယ်မရှိလျှင်၊ သမ္မာကျမ်းစာ၌ မည်သည့် နေရာများတွင် သတိထားလေ့လာသင့်သနည်း။ ရေလွှမ်းမိုးခြင်း၊ နော်ဧ သင်္ဘော နှင့် ပတ်သက်၍ သံသယရှိခြင်းနှင့် အရေးကြီးသော မေးခွန်းများကို ဤ စာအုပ် က အဖြေ ပေးထား ပါသည်။ ကျမ်းစာ အုပ်၌ရှိသောအဖြစ် အပျက်များသည် သေချာ ယုံကြည် လက်ခံ နိုင်ဘွယ် ရာ ဖြစ် ကြောင်း သိသည့်အခါ ဤ သတင်း စကား က သင့်၏ အသက်တာကို မည်ကဲ့သို့ ပြောင်းလဲ စေသနည်းဆို သည်ကို တွေ့ရှိပေလိမ့်မည်။


မာတိကာ

အခန်း ၁။ သင်္ဘောသည် အလွန်ကြီးပါသလား?
ဤ မျှလောက်သင်္ဘောကြီးကို နောဧက ဆောက်နိုင်ပါ့မလား?
တိရိစ္ဆာန်များ အားလုံး သင်္ဘောထဲတွင် မည်ကဲ့သို့ ဆန့်နိုင်သနည်း။
တိရိစ္ဆာန်များအားလုံးကို နောဧက မည်ကဲ့သို့စုစောင်းနိုင်မည်နည်း။
ဒိုင်နိုဆောများသင်္ဘောထဲသို့ဝင်ကြပါသလား။
ဒိုနိုဆောများသည် ရေလွှမ်းမိုးခြင်းမတိုင်ခင်မှာ မျိုးတုန်း ပျောက်ကွယ်သွားကြပြီလား?
အခန်း ၂။ ရေကြီးမှုသည် ကမ္ဘာတစ်ဝှမ်းလုံးဖြစ်ပါသလား?
ကမ္ဘာတစ်ဝှမ်းလုံးရေလွှမ်းမိုးခြင်းအကြောင်းကို သမ္မာကျမ်းစာက ဖေါ်ပြသည်။
ရေများဘယ်နေရာကနေထွက်လာကြသလဲ။
သင်္ဘောသည် ရေလွှမ်းမိုးချိန်တွင် မဖျက်စီးဘဲ မည်ကဲ့သို့ ကြံ့ကြံ့ခံနိုင်သနည်း၊
တိရိစ္ဆာန်အားလုံးကို နော်ဧက မည်ကဲ့သို့ကြည့်ရှု စောင့်ရှောက်နိုင်သနည်း
အသက်ရှင်သောအရာအားလုံးကို ရေကြီးခြင်းက ဖျက်ဆီး ခဲ့ပါသလား။
ရေများမည်သည့်နေရာသို့ရောက်ကုန်သနည်း
အခန်း ၃။ ရေလွှမ်းမိုးမှုအတွက် သက်သေများရှိပါသလား?
ဇီဝဗေဒဆိုင်ရာ သက်သေပြချက်များရှိသလား။
ရေကြီးခြင်းကြောင့်ဖြစ်သော ကျောက်ဖြစ်ရုပ်ကြွင်းများသည် အဘယ်ကြောင့် သန်းပေါင်းများစွာ သက်တမ်းဖြစ်နိုင်သနည်း။
တိရိစ္ဆာန်များသည် အာရရတ်တောင်ပေါ်မှ ကမ္ဘာအနှံ့ ဘယ်လို ပြောင်းရွှေ့နိုင်သနည်း။
နော်ဧသင်္ဘောကြီးကို ရှာဖွေတွေ့ရှိပြီးပြီလား။
ကမ္ဘာကြီးကို ဘုရားသခင်က အဘယ်ကြောင့်ဖျက်ဆီး ခဲ့ သနည်း။
အခန်း ၄။ နောဧသင်္ဘောသည် ကျွန်တော်တို့အတွက်သတင်း စကားများ ရှိပါသလား?
သတင်းကောင်းသည်မှာရှိသည်။

အခန်း – ၁

သင်္ဘောသည်အလွန်ကြီးပါသလား?

လူအများစုက သင်္ဘောသည် ရေကန်ထဲတွင် ခပ်ညိုညို လည်ပင်းရှည်ကြီး သစ် ကုလားအုပ် လှေကဲ့သို့ ထင်ရှားစွာ ပေါလောပေါ်ပြီး၊ နောဧသည် သင်္ဘော အလွှာပေါ်တွင် မတ်တပ်ရပ်လျက် ဆင်ကြီးများနှင့် ရေစဉ် ငါးမန်းများ ရေလှိုင်းတွင် မျော်ပါနေသည်ကို နှုတ်ဆက်ခဲ့သည်ဟု ထင်ကြသည်။ သို့သော် အလွန်ကြီးမားသော သင်္ဘောအကြောင်းကို သမ္မာကျမ်းစာက ဤ ကဲ့သို့ ဖေါ်ပြသည်။

 ark2
သင်္ဘော၏ အကျယ်ဘက်မျက်နှာ-တိရိစ္ဆာန်များ၏အရွယ်အစား

အရှည် ၁၄၀ မီတာ။ အကျယ် ၂၃ မီတာနှင့် အမြင့် ၁၄ မီတာဖြစ်သည်။1 ဘောလုံးကွင်း ထက် ရှည်လျား၍ လေးထပ် တိုက်ထက်မြင့်သည်။ အလွှာ သုံးလွှာရှိ၍ ၄၃,၀၀၀ ကုဗမီတာရှိသည်။

တန်ချိန် ၁၅,၀၀၀တန်ကို သယ်ဆောင်နိုင်စွမ်းရှိ၍ ယခု ခေတ် ပင်လယ်ပေါ်တွင် သွားလာ နေသော သင်္ဘောများနှင့် နိုင်းယာဉ်ကြသည်။ ယခုခေတ်မှာ သင်္ဘောပေါ်တွင် သံမဏ သတ္တာကြီးများ တင်သည့် သင်္ဘောကြီးများကို စဉ်းစားကြည့်ပါ။ အမြင့် ၂.၅၊ အကျယ် ၂.၅ မီတာ၊ နှင့် အရှည် ၁၂ မီတာ ရှိသော ကုန်တင်သတ္တာ ၅၀၀ ကို သယ် ဆောင်နိုင် လောက်အောင် နောဧ သင်္ဘောသည်ကြီးမား ခဲ့သည်။

ဤ မျှလောက်သင်္ဘောကြီးကို နောဧက ဆောက်နိုင်ပါ့မလား?

နောဧ ခေတ်လူများ၏ ကာယခွန်အားနှင့် ဉီးနှောက် စဉ်းစားဉာဏ်များသည် ယခုခေတ် လူများထက် မနည်းပါ။ ရှေးခေတ်လူများသည် ပို၍ ရှေးရိုးကျသည်ဟု ကျွန်တော်တို့ ပြောခြင်း အားဖြင့် ဆင့်ကဲ စနစ် အယူ ဝါဒကို ဖောပြနေသည်။

အာဒံမှ ဆင်းသက်လာသော သားမြေးစဉ်ဆက်များသည် ကောက်ပဲသီးနှံများကို စိုက်ပျိုး ကြကြောင်း၊ တိရိစ္ဆာန်များကို မွေးကြကြောင်း၊ တေးဂီတများကိုလည်း တီးတတ် ကြကြောင်း၊ မြို့များကို တည်ဆောက်တတ်ကြကြောင်း၊ သံနှင့် ကြေး သတ္တိုများကိုလည်းထုတတ်ကြ ကြောင်း ကမ္ဘာဉီးကျမ်း အခန်းကြီး ( ၄ )တွင် တွေ့ရှိသည်။ ကျွန်တော်တို့ ထင်တာ ထက် အင်ဂျင်နီယာ နည်းပညာများ၊ လက်နက် ကိရိယာများနှင့် စက်ယန္တရားများတွင် ကျွမ်း ကျင်ခဲ့ ကြသည်။2 ဉပမာ အနေဖြင့်၊ ရေလွှမ်းမိုး နောက်ပိုင်း မကြာခင်လေးမှာ အီဂျစ် လူမျိုး များသည် စာရေးခြင်း၊ ကျောက်တုံးကြီးများဖြတ် ခြင်းနှင့် ပိရမစ်ကြီးကို တိကျစွာ တိုင်းတာခြင်းများကို လုပ်တတ်ခဲ့ကြသည်။

ဘုရားသခင် ဖန်ဆင်းသော ပထမဆုံး လူသည် ပြည့်စုံခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်း ၆၀၀၀မှ စတင်၍ ကျွန်ုပ်တို့၏ ဉာဏ်ပညာများသည် ကျိန်ခြင်း၏ အကျိုး သက်ရောက်မှုကြောင့် အခြေနေ ဆိုးရွားလာခဲ့သည်။ စူးစမ်းရှာဖွေတွေ့ရှိချက်များပြု လုပ်ခြင်းများနှင့် နည်းပညာများကို သိုလှောင်ထားခြင်းနှင့် လက်ဆင့်ကမ်းမျှဝေခြင်းများဖြင့် ဆုံးရုံးခဲ့သော စွမ်းရည်များကို ကံကောင်းစွာ ပျိုးထောင်နိုင်ခဲ့သည်။

သူတို့အတွက်ဖြစ်နိုင်ခဲ့သော်လည်း နောဧနှင့် သူ့သားများက အလုပ်အားလုံးကို လုပ်နိုင်ခဲ့ သော်လည်း လုပ်ခဲ့သည့် အကြောင်းအရာကို ကျွန်တော်တို့ မသိခဲ့ပါ။ ကောက်ပဲသီးနှံများကို ရိတ် သိမ်းရန် နှင့် သစ်သားများကို သယ်ဆောင်ရန်၊ သင်္ဘောဆောက်တုံးက ပျဉ်ပြားများဖျက်ခြင်း၊ ရောင်စဉ် တန်းကြီးများကို ကိုင်တွေရန် အခြားလူများကို အခကြေးများဖြင့် ငှါးရမ်းခြင်းများ လုပ်နိုင်သည်။

အလွန်ကြီးမားသော သစ်သားလှေကြီးများကို ရှေးဟောင်းခေတ် လူများက ဆောက်နိုင် သည်၊ နောဧ သင်္ဘောကြီး နီးပါးလောက်ရှိသည့် သင်္ဘောကို အီဂျစ်နိုင်ငံ အလစ်စန်း ဒရီးယားတွင် တည်ဆောက်ခဲ့သော အရှည် ၁၂၈ မီတာ3 သင်္ဘောကြီးများကိုလည်း ဆောက်နိုင် ခဲ့သည်။ ထိုလှေကို လှေလှော် သမားအဖွဲ့ သုံးဖွဲ့ကလှော်ပေးပြီး၊ စစ်သား ၄၀၀၀ အထိတင် ဆောင်နိုင် သည်။

အပြိုင်အဆိုင် ပြေးနေသော ဂရိ စစ်သင်္ဘောကြီးထက် နောဧ သင်္ဘောသည် ရိုးရှင်း နေပါသည်။ အလွန်ပြင်းထန်သော ရေလှိုင်းကြီးများကို ထိုးဖေါက် နိုင်သည့် ပင်လယ်ပေါ်တွင် ပြေးလွှားနေသော ဝမ်းပြား သင်္ဘောကြီးကို စဉ်းစား ကြည့်ပါ။ ကျမ်းစာထဲမှာ ရှိသော နောဧ ခေတ် ရေလွှမ်းမိုးခြင်း မှတ်တမ်းသည် စိတ်ကူးယှဉ်မဟုတ်သည်မှာထင်းရှားလှသည်။

တိရိစ္ဆာန်များ အားလုံး သင်္ဘောထဲတွင် မည်ကဲ့သို့ ဆန့်နိုင်သနည်း။

တိရိစ္ဆာန်မျိုးစုံကို သင်္ဘောထဲသို့ ထည့်ရန် ဘုရားသခင်က နောဧကို အမိန့်မပေးခဲ့ဘူး။ ရေကြီး ခြင်းကြောင့် သေကြေပျက်စီးနိုင်သော လေရူသော တိရိစ္ဆာန်များနှင့် ကုန်းမြေ သတ္တဝါ များကို သာ4 ထည့်ရန် မိန့်မှာခဲ့သည်။

ငါးမန်းများနှင့် အခြားသော ရေပေါ်ရေအောက် ခုန်တက်နိုင်သော ပုဇွတ်ဆိတ် လိုဟာမျိုး တိရိစ္ဆာန်များသည် သင်္ဘော အပြင်ဘက်တွင် အသက်ရှင်နိုင်သည်။ ထို နည်းတူ ကုန်းတပိုင်း ရေတပိုင်း သတ္တာဝါများနှင့် ပိုးကောင်များလည်းဖြစ်နိုင်သည်။ ထို့ကြောင့် သတ္တဝါများအားလုံး သင်္ဘောပေါ်မှာ တင်စရာမလိုဘဲဖြစ် နိုင်သည်။

ကျမ်းစာခေတ်တွင်ရှိသော သတ္တဝါမျိုးများသည် ယခုခေတ် သတ္တဝါများထက်ပိုများ သည်။ ယခုခေတ် ကမ္ဘာပေါ်မှာ ဤမျှ လောက်များပြားသော အမျိုးများသည် သင်္ဘောပေါ်မှရှိ သော တိရိစ္ဆာန် စုံတွဲ မိဘထံမှ ဆင်းသက်လာခဲ့ခြင်းဖြစ်သည်။

အသက်ရှင်သော တိရိစ္ဆာန်အမျိုးမျိုးထဲက၊ အထီး အမ၊ အစုံတို့ကိုယူ၍၊ သင်နှင့် အတူ အသက် ချမ်းသာစေခြင်းငှါ၊ သင်္ဘောထဲသို့ သွင်းရမည်။ (ကမ္ဘာဉီးကျမ်း ၆း၁၉)5

ဉပမာအနေဖြင့် ခွေးဆိုပါစို့။ ယခုခေတ်မှာ ခွေးအမျိုးပေါင်း မြေခွေး၊ မြောက် အမေရိက အနောက်ပိုင်း ဝံပုလွေငယ်များ၊ တောခွေး များနှင့် ဝံပုလွေများအပါအဝင် ၂၀၀ကျော် ရှိသည်။ ကျွန်တော်တို့ အိမ်မွေးခွေးများအပါအဝင် (မွှေထူခွေး အကြီးစား မျိုးမှစ၍ အရုပ်ကလေးလို အမွှေး ထူထူ သေးသေး လေးခွေးများအထိ) ခွေးအမျိုးအစား အားလုံးသည် ခွေးတစ်မျိုးမှ ဆင်းသက်လာခြင်း ဖြစ်သည်။

ထိုနည်းတူ အခြားတိရိစ္ဆာန်များ၊ ကြောင်အမျိုးအနွယ်၊ မြင်းနှင့် နွားအမျိုး အနွယ်များ လည်း ဖြစ်ကြသည်။ ယခုခေတ်မှာ အံ့ဩဘွယ်ကောင်းလောက်အောင် တိရိစ္ဆာန် အမျိုးပေါင်း အားလုံးသည် နောဧ သင်္ဘောတွင်ရှိသော အနည်းငယ်သော မျိုးစပ် ခွေး၊ ခွေး ဗန္ဓတ်များမှ ပေါက်ပွါးလာခဲ့ခြင်းဖြစ်သည်။

dogs
ယခုခေတ် ခွေးမျိုးစုံတို့ သည် တစ်မျိုးတည်းသော ခွေးမှ ဆင်းသက်လာ နိုင်သည်။

ဂျွန်ဟောစ်မော်ရပီ (John Woodmorappe)က သူ့စာအုပ် (Noah’s Ark: A Feasibility Study, တရိစ္ဆာန်ပေါင်း ၁၆,၀၀၀ အများဆုံး၊7 သင်္ဘောထဲမှာ ထည့်ရမည်လို့ ရေးလိုက်တယ်။

တိရိစ္ဆာန်များအားလုံးကို နောဧက မည်ကဲ့သို့စုစောင်းနိုင်မည်နည်း။

သင်္ဘောထဲတွင် တိရိစ္ဆာန်အားလုံးကို ထည့်ရန် ခရီးဝေးသွားစရာမလိုပေ။ တိရိစ္ဆာန်များသည် နောဧ ထံသို့လာကြသည်(သဘာဝအလျှောက်)၊ လုံးချောခြင်းမရှိဘဲ သင်္ဘောထဲသို့ဝင်ကြ သည်ဟု ကျမ်းစာ ကပြောထားပါသည်။

ငှက်လည်းအမျိုးအလိုက်၊ သားလည်း အမျိုးအလိုက်၊ တွားတက်သော တိရိစ္ဆာန်အပေါင်းလည်း အမျိုးအလိုက်၊ အထီးအမ၊ အစုံတို့သည် အသက်ချမ်းသာ စေခြင်းငှါ၊ သင့်ထံသို့ လာကြလိမ့် မည်။ (ကမ္ဘာ ၆း၂၀)

ဘုရားသခင်က တိရိစ္ဆာန်များကို နောဧထံသို့ခေါ်ဆောင်လာနိုင်သည်။ ဤ စုဝေးခြင်းသည် သဘာဝတရားကို ကျော်လွန်သော နိမိတ်လက္ခဏာဖြစ်သည်။သို့သော် လိပ်ပြာ ဘုရင်၏ စိုးမိုးမှုဖြင့် တိုက်ကြီးတတိုက်မှတတိုက်သို့ခရီးခြင်း၊ ပင်လယ်စင်ရော ကြီးနှင့် အခြား ငှက်များ၊ ဆော်လမွန် ငါးများ နှင့်၊ ဝေလငါးများ၏နှစ်စဉ်ပြောင်းရွှေ့နေထိုင်ခြင်းများ၊ အခြား ငှက်များ၊ တိရိစ္ဆာန်များ၏ ဆောင်းခိုခြင်းနှင့် ငလျှင်လှုပ်ခြင်းများကို ကြိုတင်သိခြင်းကြောင့်၊ အံ့ဩဘွယ်ရာ တိရိစ္ဆာန်များ၏ ပြောင်းရွေ့ခြင်း အကြောင်းကို ယခုခေတ်တွင် ကျွန်တော်တို့တွေ့ရှိနေပါသည်။

တိုက်ကြီးများဖွဲ့စည်းပုံနှင့် ရာသီဉတုများသည် ရေလွှမ်းမိုးခြင်းမတိုင်ခင်နှင့် မတူပေ။ ကျမ်းစာထဲတွင် နောဧသည် တိရိစ္ဆာန်မပါဘဲ အခြားနေရာသို့ ပြောင်းရွေ့ပြီး သူတို့အားပြုစု နိုင်သည့် ဒေသတွင်နေထိုင်နိုင်သည်။ ပတ်ဝန်းကျင်များနှင့် သက်ရှိ သတ္တဝါ များ၏ ပေါက်ပွား ရှင်သန်နိုင်မှု အခြေအနေများကြောင့် တိရိစ္ဆာန်အမျိုးများတွင်ရေလွှမ်းမိုးခြင်း နောက်ပိုင်း တိုးတက် ပြောင်းလဲမှုရှိ ခဲ့သည်။

ဒိုင်နိုဆောများသင်္ဘောထဲသို့ဝင်ကြပါသလား။

ဟုတ်ကဲ့၊ ဒိုင်နိုဆောတွေသင်္ဘောထဲဝင်ပါတယ်။ အခြားတရိစ္ဆာန်များကဲ့သို့ ဒိုင်နိုဆောများသည် ဘုရားသခင်က ဖန်ဆင်းသည့် ကုန်းပေါ်တွင် အသက်ရူနေထိုင်သော သတ္တာဝါများဖြစ်သည်။ သို့သော် ဒိုင်နိုဆောများသည် သင်္ဘောထဲတွင် ဘယ်လိုဆန့်ဝင်နိုင်သလဲ။

ဒိုနိုဆောအများစုသည်မကြီးသောကြောင့် ပြဿနာမဖြစ်စေဘူး။ အချို့ဟာ ကြက်များ ထက်တောင်သေးတယ်(သို့သော် ငှက်များနှင့်တော့တူညီမှုမရှိပါဘူး၊ သူတို့သည် အခြား နေ့များ မှာ ဖန်ဆင်းခြင်းခံကြတယ်။ ဖျမ်းမျှအားဖြင့် အရွယ်ရောက်ဒိုင်နိုဆောတို့သည် သိုးအရွယ် အစား ဖြစ်ကြသည်။

dinos-hatching
ဒိုင်နိုဆော၏ သိုက်နှင့်ဉများတည်ဆောက်ပုံ

ဒိုင်နိုဆောတို့သည် ဉမှပေါက်လာ၍ အကြီးဆုံးသောဉသည် ဘောလုံးလောက်ကြီးသည်။ ထို့ကြောင့် အကြီးဆုံးဒိုင်နိုဆောသည် ဒိုင်နိုဆောအမျိုးဝင်ဖြစ်သော အာပဒေါဆောရပ်နှင့် ဘရာချီအိုဆောရပ်( Apatosaurus and Brachiosaurus) ကဲ့သို့ သေးငယ်ကြ၍ အသက်ငယ် သော ဒိုင်နိုဆောများကို သင်္ဘောထဲတွင် လွယ်ကူစွာထည့်နိုင်သည်။

အ လွန်ကြီးသော တိရိစ္ဆာန်များ ဆင်နှင့် ကြံ့တို့ သည်လည်း ထိုနည်းတူ ဖြစ်ကြလိမ့်မည်။

ပျံသန်းနိုင်သော သွေးအေးသတ္တဝါလင်းနု အမျိုးအစားတို့သည်လည်း သင်္ဘောထဲမှာ ဝင်ခဲ့ ကြသည်။ သို့သော် ပင်လယ် သတ္တဝါ ဖြစ်သော မိကျောင်းအမျိုးအစားများသည် သင်္ဘောထဲတွင် ထည့် စရာမလိုပါပေ။

ဒိုနိုဆောများသည် ရေလွှမ်းမိုးခြင်းမတိုင်ခင်မှာ မျိုးတုန်း ပျောက်ကွယ်သွားကြပြီလား?

လူတို့က ဆင့်ကဲစနစ်အယူဝါဒ(evolutionary idea) မတွေ့ရှိခင်ကတည်းက ဒိုင်နိုဆောတို့ သည် သေကုန်ကြပြီဟု ယုံကြည်ချက်ရှိသည်။ လွန်ခဲ့သောနှစ်ပေါင်း ၆၀၀၀ တုံးက ကုန်းပေါ်မှာ နေထိုင်သော သတ္တဝါအားလုံးကို ဖန်ဆင်းခြင်း ခြောက်ရက် နေ့တွင် ဘုရားသခင်က ဖန်ဆင်းသည်ဟု ကမ္ဘာဉီးကျမ်းမှာတွေ့ရှိသည်။ သူတို့သည်လည်း ကုန်းမြေ သတ္တဝါဖြစ်ကြသော ကြောင့် ဒိုင်နိုဆောတို့ လည်း ပါဝင်သည်။ အာဒနှင့် ဧဝတို့သည်လည်း ထိုနေ့တွင် ဖန်ဆင်းခြင်း ခံရသည်။

ကုန်းမြေသတ္တဝါအချို့တို့သည် ရေလွှမ်းမိုးခြင်း မတိုင်ခင်သေကြရန် အလားအလာ မရှိဘူး။ ဒိုင်နိုဆော တို့သည်လည်း ရေလွှမ်းမိုးခြင်း နောက်ပိုင်းမှာ အသက်ရှင်ကြသေးသည်။ ရေလွှမ်းပြီးနောက်ဖြစ်သော ယောဘ စာအုပ် အခန်းကြီး ၄၀:၁၅ ၊ ဖေါ်ြပ သော် “ဗေဟမုတ်” (behemoth) သာလျှင်ဆွာ ရာပုတ် ဒိုင်နိုဆော (sauropod dinosaur)နှင့် ကိုက်ညီမှုရှိသည်။ ထို့ကြောင့် ဗေဟမုတ် ဘိုးဘေးများသည် သင်္ဘောထဲတွင်ဝင်ခဲ့ရမည်။8

အခန်း – ၂

ရေလွှမ်းမိုးခြင်းသည် ကမ္ဘာတစ်ဝှမ်းလုံး တကယ်ဖြစ်ခဲ့သလား?

နောဧခေတ်ရေလွှမ်းမိုးခြင်းသည် နယ်ပယ်တစ်ခုသာဖြစ်သည်ဟု ခရစ်ယာန်များများက ယုံကြည်ကြတယ်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာ့သက်တမ်းသည် နှစ်ပေါင်း သန်းများစွာ ရှိသည်ဟု ယုံကြည်ကြသောကြောင့်ဖြစ်သည်။ အလွန်ရှည်လျားသော ကာလကြာလာသည့် အခါ ကျောက်ဖြစ် ရုပ်ကြွင်းအလွှာများမှ အသစ်သောအသက်များ တဖြည်းဖြည်းပေါ် လာကြ သောကြောင့် ဤ ယူဆချက် ကိုဖြစ်စေသည်။

သို့သော် ကျောက်ဖြစ်ရုပ်ကြွင်းများကို သပ္ပံပညာရှင်များက ထိုကဲ့သို့ အမြဲတမ်း မယုံကြည်ကြပေ။ နောဧခေတ် ရေလွှမ်းမိုးခြင်းကြောင့် ရွှံ့များနှင့် သဲများသည် ကျောက်ဖြစ် ရုပ်ကြွင်းများကြားတွင် နုန်းတင်ခဲ့သည်ဟု ဘူမိဗေဒနှင့်ဆိုင်သော ရှေ့ဆောင်သူ နီဂေါလပ်စ် စတီးနိုး (Nicholas Steno)က ထောက်ပြသည်။

မိသားစုများ(လူသားများ)ကိစ္စသည်လည်း ဤစိတ်ကူးများနှင့် ဆက်စပ်ခဲ့သည်။ ဆင့်ကဲ စနစ် အယူအဆဆိုသည်မှာ ကျောက်ဖြစ်ရုပ်ကြွင်းမှတ်တမ်းများဟာ နှစ်ပေါင်း သန်းချီရှိသော ကြောင့်၊ နောဧခေတ်ရေလွှမ်းမိုးခြင်း နှင့်ဆိုင်၍ ဘူမိဗေဒ လက္ခဏာ မရှိပေ။9 ထို့ကြောင့် ဆင့်ကဲ စနစ် သို့မဟုတ် ဘူမိဗေဒဆိုင်ရာသက်တမ်း သန်းပေါင်း များစွာရှိသည်ဟု ယုံကြည်ခြင်းကြောင့် နောဧ ခေတ် ရေလွှမ်းမိုးခြင်းသည် နယ်ပယ်တစ်ခုတည်းသာဖြစ်သည်ဟု ယုံကြည်ခြင်းကို အလေး အနက်တိုက်တွန်းသည်။

ဆင့်ကဲဖြစ်စဉ်(သို့မဟုတ် နှစ်ပေါင်းသန်းချီ) ယူဆချက်သည် နာကျင်ခြင်း၊ သေခြင်း၊ သတ်ဖြတ်ခြင်းနှင့် ဆင်းရဲ ဒုက္ခများဖြစ်စေသော ကျောက်ဖြစ်ရုပ်ကြွင်းများသည် အာဒံနှင့် ဧဝတို့၏ အပြစ်ကျိုးလွန်ခြင်းမတိုင်ခင်မှာရှိခဲ့ပြီးဟု ယုံကြည်ကြသည်။ ဒါဆိုရင်၊ ဖန်ဆင်းခြင်း ပြီးသည့်အခါ “အလွန် ကောင်းတယ်” လို့ ဘုရားသခင် ကပြောတာ ဘာအဓိပ္ပါယ်ရှိမည်နည်း။ ဆင့်ကဲဖြစ်စဉ်ဆိုသည်မှာ သေခြင်းနှင့် ဆင်းရဲဒုက္ခ ဝေဒနာများသည်အပြစ်၏အကျိုး သက် ရောက်ကြောင့်မဖြစ်ဘူးလို့ အဓိပ္ပါယ်ရှိသည်။ ခရစ်တော်၏ သေခြင်းနှင့် ထမြောက်ခြင်း၏ အဓိပ္ပါယ်ကို ဤခံယူ ချက်က ဖျက်ဆီးခြင်းဖြစ်လေသည်။

Wikipedia.orgrainbow
ဘုရားသခင်က သန့်တန့်ကို ကတိပေးတာ ရေလွှမ်းမိုး ခြင်းသည် တစ်ကမ္ဘာလုံးဖြစ်ကြောင်းထင်ရှားစေသည်။

ကမ္ဘာတစ်ဝှမ်းလုံးရေလွှမ်းမိုးခြင်းအကြောင်းကို သမ္မာကျမ်းစာက ဖေါ်ပြသည်။

ရေလွှမ်းမိုးခြင်းသည် နယ်ပယ်တစ်ခုတည်းသာဖြစ်လျှင် သင်္ဘောသည် အဘယ် ကြောင့် အလွန်ကြီးသလဲ။ အခြားနေရာသို့ပြောင်းရွေ့ပြီးလုံခြုံစွာ နေနိုင်တယ်။ ငှက်များသည် လည်း အဘယ် ကြောင့် သင်္ဘောထဲမှာ ထည့်သလဲ။ အဝေးကြီးသို့ပျံသန်းနိုင်တယ်။

နော်ဧနှင့် မိသားစုမှအပ၊ အားလုံးကို ရေလွှမ်းခြင်းကဖျက်ဆီး သတ်တယ်လို့ သခင် ယေရှုကလည်း ယုံကြည်တယ်(မသဲ ၂၄း၃၇-၃၉)။ ရေကြီးခြင်းသည် နယ်ပယ် တစ်ခု တည်းသာဖြစ်တယ်ဆိုရင် အခြား နေရာမှာ နေထိုင်သောလူများကို ထိခိုက်မှာ မဟုတ်ဘူး။ အပြစ်ကြောင့် ဘုရားသခင်၏ ဒဏ် ခတ်ခြင်း မှ လွတ်နိုင်ခဲ့မည်။

လာမည့် တစ်ကမ္ဘာလုံး အပြစ်ဒဏ်ခတ်ခြင်းကို နော်ဧခေတ် လူသား “အားလုံး” ပြစ်ဒဏ် ပေးခြင်းနှင့် ခရစ်တော်က နှိုင်းယှာဉ်သည်(မသဲ ၂၄း၃၇-၃၉)။ ထိုနည်းတူ တမန်တော် ပေတရု ကလည်း ဖေါ်ပြသည်(၂ပေ ၃)။ နော်ဧခေတ်ရေလွှမ်းမိုးခြင်းသည် နယ်ပယ်တစ်ခုသာ ဖြစ်လျှင် လူသား အားလုံးကို ထိခိုက်မည်မဟုတ်ပါ။

နယ်ပယ် တစ်နေရာသာဖြစ်လျှင် ရေများသည် တောင်ကုန်းများအပေါ် ဘယ်လို တက်နိုင် သလဲ10 ( ကမ္ဘာဉီးကျမ်း ၇◌း၂၀)။ ရေများသည်တစ်ညီတည်းတက်လာခြင်းဖြစ်သည်။ ကျမ်းစာထဲမှာရှိသော ရေလွှမ်းမိုးခြင်းက တစ်ကမ္ဘာလုံးကို ဖုန်းအုပ်ခဲ့သည်။

ကမ္ဘာကို ဘယ်တော့အခါမှ ရေအားဖြင့် ဖျက်ဆီးမည်မဟုတ်ကြောင်း ကောင်းကင် ပေါ်ရှိ သန့်တန့် အား ဖြင့် ဘုရားသခင်က ပြသ သည်။ ဉပမာ၊ နယူးအိုရီလံမှာ “နေရာတစ်ခုတည်း)မှာ အလွန် ပြင်းထန်သော ရေကြီးမှု ရှိခဲ့သော်လည်း ကုန်းမြေ သတ္တဝါ အားလုံးကို ဖျက်ဆီး သော ကမ္ဘာတစ်ဝှမ်း ရေလွှမ်းမိုးခြင်းမဖြစ်ဘူးပါဘူး။ ရေလွှမ်းမိုးခြင်းသည် တစ်နေရာတည်းသာ ဖြစ် လျှင် တည်ကြည်သော ကတိကို ဘုရားသခင် က အကြိမ်ကြိမ် ချိုးဖေါ်က်တာရောက်မည်။

ရေများဘယ်နေရာကနေထွက်လာကြသလဲ။

iStockphotoparicutin-volcano2
ပြင်းထန်စွာမီးတောင်ပေါက်ကွဲခြင်းကအလွန်နက်နဲ သော နေရာအထိဖေါ်က်ထွန်းစေနိုင်သည်။
(ထို) နေ့ရက်တွင်၊ ကြီးစွာသော နက်နဲရာရေပေါက်ရေတွင်းတို့၏ အဆီးအတား ရှိသမျှကို ပယ်ရှင်း၍၊ မိုဃ်းကောင်းကင်ပြွန်ပများကို ဖွင့်သဖြင့်၊ အရက်လေးဆယ် ပတ်လုံး မြေကြီးပေါ်မှာ မိုဃ်းရွာလေ၏။ (ကမ္ဘာဉီးကျမ်း ၇◌း၁၁-၁၂)။

ကောင်းကင်မှမိုးနှင့် (ရေပေါက် ရေတွင်း) သို့မဟုတ် စမ်းရေများ၊အလွန်နက်နဲရာ နေရာ များမှ ရေများထွက်လာသည့်နေရာ အရင်းအမြစ် နှစ်ခုကို ကျမ်းစာကဖေါ်ြပသည်။

ဒ ီစမ်းရေများ သည် အရင်ဆုံးဖေါ်ြပသောကြေင့် ရေလွှမ်းမိုးခြင်းအတွက် အဓိကရေထွက်တဲ့ နေရာ အရင်း အမြစ်ဖြစ်လိမ့်မည်။ မြေကြီးအောက်မှ အလွန်ကြီးမားသော ရေထွက်လာသည့် နေရာ အရင်းအမြစ်မှ ဖြစ်လိမ့်မည်။ နက်နဲရာရေပေါက် ရေတွင်းတို့၏ အဆီးအတားရှိ သမျှကို ပယ်ရှင်း၍၊ ဆိုလိုသည် မှာပြင်းထန်သောငလျင်လှုပ်ခတ်ခြင်း နှင့် ကျယ်ပြန့်သော မီးတောင်ပေါက် ကွဲခြင်း ကို ပေါ်လွင်စေသည်။ ကမ္ဘာ့ အလယ် ဗဟိုမှာရှိ သော ကျောက်လွှာများထဲတွင် ရေများအလျှံ အပယ်ရှိ နေသေးကြောင်း ဘူမိဗေဒပညာရှင်များက ရှာဖွေ တွေ့ရှိသည်။ လွန်ခဲ့သော အချိန်တုန်းက အချို့ သော ရေများသည် နက်နဲရာရေ ပေါက်များမှ ကမ္ဘာပေါ်သို့ ရေများထွက်ခဲ့သည်ဟု ယုံကြည် ကြသည်။ ကမ္ဘာ့ အလယ်နက်နဲရာတွင် သမုဒ္ဒရာ ထက် အဆ၂၀များသောရေ ကျန်နေသေးသည်။

တောင်ကုန်းများနှင့် ကုန်းမျက်နှာပြင်ထုထည်များသည် ရေလွှမ်းမိုးခြင်းမတိုင်ခင်နှင့် မတူပေ။ ရေလွှမ်းမိုးခြင်းကိုဖြစ်စေသောတိုက်ကြီးတစ်ခုကွဲသည့်ဖြစ်စဉ် တစ်ခု၏အဖြစ် အပြတ်နှင့် သက် ဆိုင်သည်ဟု ဖန်ဆင်းခြင်းကိုယုံကြည်သော သိပ္ပံ ပညာရှင် အချို့က ယုံကြည် ကြသည်။

သင်္ဘောသည် ရေလွှမ်းမိုးချိန်တွင် မဖျက်စီးဘဲ မည်ကဲ့သို့ ကြံ့ကြံ့ခံနိုင်သနည်း၊

ကျမ်းစာထဲတွင်ဖေါ်ပြသည့် သင်္ဘောသည် အလွန်ကြမ်းတမ်းသော သမုဒ္ဒရာ ရေလှိုင်း ကြီးများ ခံနိုင်သောတည်ငြိမ်သော ပုံသဏ္ဌာန်ဖြစ်သည်ဟု ကိုးရီးယားရေတပ် ဗိသုကာ ပညာရှင် တစ်ယောက် ကတွေ့ရှိခဲ့သည်။11 အလွန်ဆိုးသောအခြေအနေများတွင်လည်း တည့်တည့် ရပ်တည် နိုင်မည်။

noahs-ark-stable
သင်္ဘော၏ တည်ဆောက်ပုံသည်မှတ်သားဘွယ်ရာ ကောင်းလောက်သည်အထိ တည်တန့် ခိုင်မြဲသည်ဟု အင်ဂျီနီယာများက သုံးသတ်ကြသည်။

ခေတ်လယ်ကာလ (အေဒီ ၅၀၀ နှင့် ၁၅၀၀ အေဒီ)အကြား ရွက်လွှင့်လှေများကဲ့သို့ နော်ဧ သင်္ဘောသည် အခြားနေရာသို့ ခရီးသွားစရာမလိုပေ။ ရေပေါ်မှာ ပေါလောပေါ်ဖို့ဘဲလိုအပ်သည်။ အဖျားပိုင်းတွင် အနည်းငယ် လုံးချောစေခြင်းက ရေလှိုင်းကြီးများကို ကိုင်တွေနိုင်ဖို့ရန် အကျိုး

ရှိစေ၍၊ ရေလှိုင်းကို ဘေးတိုက်ရှောင် စေနိုင်သည်။ သို့သော်သင်္ဘောသည် ကုန်ပစ္စည်း များများ သိုလှောင်နိုင်သော တည်ဆောက်ပုံ အလွန်ခိုင်မာ၍ ရိုးရိုးသတ္တာဖြစ်နိုင်ကြောင်း ကျမ်းစာက အတိအလင်းမဖေါ်ြပပေ။

သစ်သားဖြင့်တည်ဆောက်သော ဤ မျှလောက်ကြီးသည့် သင်္ဘောသည် ခိုင်ခံ့မှု မရှိ နိုင်ဘူးဟု ဝေဖန်ရေးသမားများက ပြောသော်လည်း မမှန်ပါပေ။ အလွန်ကွာဝေးသော ရေလှိုင်း များအကြားတွင် ပြင်းထန်သောရိုက်ခက်မှုသည် သင်္ဘော၏ အလျား လောက်သာ ဖြစ်နိုင်သည်။ ကျမ်းစာတွင် ဖေါ်ပြသည့် သင့်လျှော်သော ဖွဲ့စည်း တည်ဆောက်ပုံနှင့် သစ်သားကြမ်းခင်း ပျဉ်ပြားများ အရွယ်အစားသည် ရေလှိုင်း၏ ရိုက်ခက်မှုကိုခံနိုင်ရန် တည်ဆောက်ထားသည်။

တိရိစ္ဆာန်အားလုံးကို နော်ဧက မည်ကဲ့သို့ကြည့်ရှု စောင့်ရှောက်နိုင်သနည်း

ကိုယ်စား စရာအဘို့၊ တိရိစ္ဆာန်တို့စားစရာအဘို့၊ စားအပ်သော အစာအမျိုးမျိုးကို ယူ၍ သိုထား ရမည်ဟု၊ ဘုရားသခင် မှာထားတော်မူ၏။ (ကမ္ဘာဉီးကျမ်း ၆း၂၁)

နောဧသည် တိရိစ္ဆာန်များကို နွေးထွေးစွာနှင့် သန့်စင်စွာ၊ ရက်ပေါင်း ၃၇၀ လုံးလုံးအတွက် လုံလောက်သော အစားအစာနှင့် ရေများကိုထားပေးရန်လိုအပ်ပေသည်။ တိရိစ္ဆာန် ၁၆,၀၀၀ အတွက် အစားစာသိုလှောင်ရန် သင်္ဘော၏ ၁၅%နေရာ၊ သောက်ရေအတွက် ၁၀% နေရာယူ မည်ဟု ဟေစ်မောရပီက ထားသည်။6 ဤ နည်းအားဖြင့်မိုးရေများစုဆောင်းရန်နှင့် အခြားခြောက်သွေ့အစားအစာများ ဖိသိပ် ထားရန်နေရာရရှိနိုင်ပါသည်။

အထူး ကိရိယာများမလိုအပ်ဘဲ တိရိစ္ဆာန် ၁၆,၀၀၀များကို လူ ၈ယောက်က ပြုစု စောင့်ရှောက်နိုင်သည်ဟု ဟောဒ်မောရပီက တွက်ချက်ပေးသည်။ သူတို့၏ ထူတပ်သော လွှာစာမှုန့် အိပ်ရာခင်းများ၊ သစ်သားမှုန့်များ သို့မဟုတ် ပန်းပင်များ စိုက်ပျိုးရာတွင် အသုံး ပြုသည် မြေဆီလွှများသည် လဲလှည်ခြင်းမလုပ်ဘဲလနှင့် ချီခံနိုင်၍ စိုထိုင်းသည့်ရေငွေ့များနှင့် အနံ့ဆိုးများကို စုတ်ယူနိုင်သည်။ အချို့ လှောင်အိမ်တို့၏ ကြမ်းခင်းကို အနည်းငယ် စောင်း ခိုင်းခြင်း သို့မဟုတ် ဇလီတပ်ထားသည့် ကြမ်းခင်းများက အညစ်ကြေးများကို ကျစေနိုင်ပြီး၊ လွယ်ကူစွာ ရေဆွဲချနိုင်သည်။

တိရိစ္ဆာန်များ၏ စွန့်ပစ်ပစ္စည်းများ လွယ်ကူစွာ သန့်ရှင်းစွန့်ပစ်နိုင်ရန် ရေနှင့် အစား အစာများ ပေးဝေရေးစနစ်ကို နော်ဧလည်းလုပ်နိုင်သည်။ နေရာကျဉ်း ကျဉ်းလေးမှာ ထောင်နှင့်ချီ ကျွဲနွားများနှင့် အခြားတိရိစ္ဆာန်များကို ယခုခေတ် လယ်သမား များကမွေးမြူနိုင်ကြသည်။ တိရိစ္ဆာန်များကို သင်္ဘောထဲတွင် ကျွေးမွေးပြုစုနည်းကို စိတ်ကူးယာဉ်ကြည့်ရင် အံ့ဪပေ လိမ့်မည်။

ဤ နည်းစနစ်များကို အသုံးပြုရန် နော်ဧက မည်ကဲ့သို့ကြိုးစားခဲ့သနည်း။ လေအားဖြင့် သို့မဟုတ် ကမ္ဘာ့ဆွဲအား သို့မဟုတ် သင်္ဘောလှုပ်ခတ်ခြင်းအားဖြင့်ဖြစ်နိုင်သည်။ အခြားဖြစ် နိုင်ခြေ အများကြီးရှိသေးသည်။

သဘာဝ အန္တရာယ်ဖြစ်ပျက်သည့်အခါ သူတို့အသက်ရှင်နိုင်ဖို့ရန် တုံ့ပြန်မှုများ လုပ်တတ် ကြသည်။ သားငှက် တိရိစ္ဆာန်တော်တော်များများကလည်း အိပ်စက်နိုင်ကြသည်။

အသက်ရှင်သောအရာအားလုံးကို ရေကြီးခြင်းက ဖျက်ဆီး ခဲ့ပါသလား။

နောဧခေတ်ရေလွှမ်းမိုးခြင်းကဲ့သို့ ဟာရီကိမ်းမုန်တိုင်း သို့မဟုတ် ငလျင်လှုပ်ခြင်းနှင့် မိုးသက် မုန်တိုင်းများကို ဘယ်သူကမှမမြင်ဘူးကြပေ။ သမိုင်းဝင်အပြင်းထန်ဆုံးသော သဘဝ ဘေး အန္ဒရာယ်များပင်လျှင် ကမ္ဘာတစ်ဝှမ်းလုံးကို ဖျက်ဆီးသော နောဧ ခေတ်ရုတ်တရက် ကျရောက်သော ကပ်ဆိုးကြီးနှင့် နိုင်း ယှာဉ်ပါကဘာမျှမဟုတ်ပေ။

ကြီးစွာသော နက်နဲရာ ရေပေါက်ရေတွင်းတို့၏ အဆီးအတားရှိသမျှကို ပယ်ရှင်းခြင်း အကြောင်း အရာကို သမ္မာ ကျမ်း စာက ဖေါ်ပြပေးသည်။ ငလျင်လှုပ်ခြင်းနှင့် မီးတောင် ပေါက်ကွဲ ခြင်း၊ အရည်ပျော်သောသတ္တို ချော်ရည်များအပါအဝင် အပူလွန်ကဲခြင်းကြောင့် ရေနွေးငွေ့၊ ပြင်းထန်ပြီး ထိန်းမနိုင်သိမ်းမရ ရေများလျှံထွက်လာခြင်း၊ အုံကြွလာခြင်းများဖြစ်စေသည်။ ရက်ပေါင်း ၁၅၀ ရေလွှမ်း မိုးပြီးမှသာ ဤ ရေပန်းထွက်ခြင်းများရပ်တန့်သွားသည်။

မြေပေါ်မှာ လှုပ်ရှားတတ်သော တိရိစ္ဆာန်မျိုးတည်းဟူသော ငှက်၊ သား ယဉ်၊ သားရဲ၊ မြေပေါ်မှာ တွားတတ်သော တိရိစ္ဆာန်အပေါင်းတို့နှင့် လူအပေါင်းတို့သည် သေကြကုန်၏။ အသက်ရှုလျက် ကုန်းပေါ်မှာ ရှိလေသမျှတို့သည် သေကြ ကုန်၏။ (ကမ္ဘာဉီး ကျမ်း ၇◌း၂၁-၂၂)

ဘေးလွတ်ရာသို့ထွက်ပြေးရန်နေရာလုံးဝမရှိသည်အထိ သနားညှာတာမှု ကင်းမဲ့ စွာ ရေသည် ကြီးသည်ထက်ကြီးလာပြီး လူသားအားလုံးနှင့် တိရိစ္ဆာန်အားလုံး၊12 သင်္ဘော အပြင် ဘက် မှာနေသောသူအားလုံးသေကြေ ပျက်ဆီးကုန်ခဲ့ကြသည်။ အလွန်ရက် စက်သော ရုတ်တရက် ရေလွှမ်းမိုးခြင်းကြောင့် ငါးများနှင့် ပင်လယ် သတ္တာဝါ တော်တော် များများ သေကြ သော်လည်းအသက်ရှင် ကျန်ရစ်သူများလည်းရှိခဲ့သည်။

၂၀၀၄ ဒီဇင်ဘာလတုံးက အင်ဒိုနီးရှားနိုင်ငံနားမှစတင် လှုပ်ခပ်သည့် ငလျင် ကြောင့် ဖြစ်ပေါ် ခဲ့သည့် ဆူနာမီက အိန္ဒိယသမုဒ္ဒရာတစ်လျှောက်နိုင်ငံများအား အကြီး အကျယ် မွှေနှောက် ဖျက်ဆီး ခဲ့သည်။ ဆူနာမီတခုတည်းက မိနစ်အနည်းငယ် အတော အတွင်းမြို့များ ပျောက် ပျက်စေခဲ့သည်။ ရေများပင်လယ်သို့ ကျဆင်းလာ သည့်အခါ ပျက်ဆီးခဲ့ သောအရာ များအပေါ် ကမ္ဘာ ကြီးကအံ့ဩတုံလှုပ်ခဲ့သည်။ လူဉီးရေ ၂၀၀,၀၀၀ ကျော်သေစေခဲ့သည်။ တောင်ကုန်း ကြီးများဖုန်းလွှမ်းသည်အထိ ဆူနာမီဟာ တနေ့ ပြီးတနေ့ ငါးလလုံး လုံးတက်လာခဲ့လျှင် ဘာတွေဖြစ်ကုန်မလဲစဉ်းစားကြည့်ပါ။

ရေများမည်သည့်နေရာသို့ရောက်ကုန်သနည်း

ရေသည် ကျွန်တော်တို့၏ ကမ္ဘာကြီးကို အများအားဖြင့် ဖုန်းလွှမ်းသောကြောင့် အပြာရောင် ကြိုလ်ဟုခေါ်ခြင်းခံသည်။ သမုဒ္ဒရာက ကမ္ဘာ့ မျက်နှာပြင် ၇၀% နေရာ ယူသောကြောင့် ရေများအားလုံး လွယ်ကူစွာ စီးဆင်းနိုင်ခဲ့ကြသည်။

တောင်ကုန်းများ နိမ့်ကျတယ် သမုဒ္ဒရာရေမျက်နှာပင်တက်လာ၍ တောင်ကုန်း များ နိမ့်ကျပြီး ကမ္ဘာ့ မျက်နှာပြင်ချောမွေ့စေကာ ကမ္ဘာ့ ပင်လယ်မျက်နှာပြင်အထက် သုံး ကီလိုမီတာ အထိရေက ဖုံးလွှမ်းနိုင်သည်။

နောဧ ရေလွှမ်းမိုးခြင်းက တောင်ကုန်းကြီး လောက် ကမ္ဘာကို လှုပ်ခပ်ခြင်းဖြစ် စေခဲ့ သည်။ ပုံပန်း ပျက်သော တောင်ရိုးတောင်တန်းများနှင့် အနည်များဟာ နူးညံ့ နေသော်လည်း ခေါက်ချိုးခြင်းများတွေ့ရှိသည်။ ရေလွှမ်းမိုးခြင်းနောက် ပိုင်းမှာ မာကျော သော ကမ္ဘာ့ မျက်နှာ ပြင် လှုပ်ရှားသည့်အခါ အပေါ်တက် အောက်ဆင်း လှုပ်ခပ်ခဲ့သည်။ ဆာလံ ၁၀၄း၇-၈တွင် ဖေါ်ပြသည့် တောင်တို့သည် တက်လျက်၊ ချိုင့်တို့သည် ဆင်းလျက်၊ သူတို့ဘို့ ခွဲခန့်တော်မူသော အရပ်သို့ရောက်ကြပါ၏၊ ဤ ကျမ်းပိုဒ်သည် နောဧခေတ် ရေလွှမ်း မိုးခြင်းကိုဆိုလိုခြင်း ဖြစ်သည်ဟု အချို့ကျမ်းတတ် ပုဂ္ဂိုလ်ကြီးများ ကမှတ်ချက်ပေးကြသည်။13

အခန်း – ၃

ရေလွှမ်းမိုးခြင်းအတွက် သက်သေများရှိသလား?

Wikipedia.orggilgamesh_epic
ဂ ိလ်းကာမစ်(Gilgamash)ကဗျာသည် မာသောရွံ့မြေပေါ်တွင် မှတ်တမ်းတင်ခဲ့သည်။ ရေကြီးခြင်း ပုံပြင်သည်ကမ္ဘာ့ယာဉ်ကျေးမှု အားလုံးတွင်ရှိကြသည်။

ကမ္ဘာတစ်ဝှမ်းလုံးမှာရှိသော နယ်မြေဒေသတိုင်းမှာ ရေလွှမ်းခြင်း မှတ်တမ်းကို ယှာဉ်ကျေးမှု အမွေအဖြစ် ထိန်းသိမ်းထားကြသည်။ မူရင်း အမေရိက လူမျိုးစု အချို့က ကမ္ဘာတဝှမ်း ရေလွှမ်းမိုးခြင်းအမှတ်တရ ပုံပြင်များရှိကြသည်။ ရှေးခေတ်တုံးက လူတို့ သည် အကျင့် စာရိတ္တအလွန် ပျက်ပြားကြသောကြောင့် ကြီးမားသော ဝိညာဉ်က ရေကြီး ခြင်းအားဖြင့်ဖျက်ဆီး၍ လူတစ်ယောက်သာအသက်ရှင်ခဲ့သည်ဟုချုပ်တော (Choctaw) လူမျိုးစုပုံပြင်ရှိ သည်။

နို-ယူ(Nu-u) ဆိုတဲ့လူက ကနူးလှေပေါ်မှာ အိမ်လေးဆောက်၍ အထဲမှာ တိရစ္ဆာန် များအပြည့်ထားခဲ့သည်ဟု ဟာဝိုင်အီး (Hawaii)၌ ရိုးရာပုံပြင်တစ်ပုဒ်ရှိသည်။ တစ်ကမ္ဘာလုံးမှာ ရေကြီးလာပြီး လူနှင့် တိရိစ္ဆာန်အားလုံးကို သေသော်လည်း ကနူးလှေ ပေါ်မှာရှိသော သူတို့သည် မသေခဲ့ ဘူးဟုရှိသည်။

ကမ္ဘာတဝှမ်းလုံးတွင် ရုတ်တရက်ဖြစ်ပွားခဲ့သည့် ကပ်ဘေးသည်အမြင့် ဆုံးသော တောင်ကုန်းများကို ဖုံးလွှမ်းနိုင်သည့် ရေကြီးမှုရှိခဲ့သည်ဟု ရှေးခေတ် တရုတ် စာပေတွင် ရေးသား ခဲ့သည်။

ရှေးခေတ် မက်ဆီကိုနိုင်ငံတွင်နေထိုင်သော တုလ်တက် အိန္ဒိယ လူမျိုးနွယ်စု (Toltec Indians)တို့တွင် အလွန်မြင့်သော တောင်ကုန်းကြီးများ ဖုံးလွှမ်းသည့် ရေကြီး မှုမှ လွတ် မြောက်သော လူအနည်းငယ်အကြောင်းပုံပြင်တစ်ပုဒ်ရှိသည်။ ဩစတြေလျ အနောက် မြောက်ပိုင်းတွင် နေထိုင်သော ရှေးတိုင်းရင်းသားတို့၏ ပုံပြင်တစ်ခုမှာ ငှက် တစ်ကောင်သည် သူ့၏ နှုတ်သီးဖြင့် သစ်ရွက် သယ်လာ၍ သူတို့ အိမ်ရှေ့ ပျံသန်း ချိန်တွင် လူတစ်ဉီးသည် သူ့ဇနီးသည်၊ ခွေးတစ်ကောင်နဲ့အတူ အနူးလှေဖြင့် လုံခြုံရာသို့ ထွက်သွားသည်ဟုသည်။

ရှေးခေတ် နေနဝေမြို့နားမှာ ၁၈၅၃ ခုနှစ်တွင် မြေကြီးအောက် ရှာဖွေ တွေ့ ရှိခဲ့သော ကျောက်ပြားပေါ်မှာ နာမည်ကျော်ကြားသောရေလွှမ်းမိုးခြင်း ပုံပြင် တွေ့ရှိ ခဲ့သည်။ ဤ မေဆိုပိုတေးများမှာ နေထိုင်သော ဂိလ်းကာမစ် (Gilgamash) ကဗျာမှာ ဘေဗလုံနိုင်ငံသား နော်ဧကို အုစ်နာပစ်မာတင်း ဟုခေါ်သည်။ (Utnapishtim) ကမ္ဘာဉီးကျမ်းစာ ထဲမှာရှိသော နောဧခေတ် ရေလွှမ်းမိုးခြင်း အကြောင်းအရာသည် ဤ ပုံပြင်လေးမှ အခြေခံခြင်းဖြစ်မည်ဟု ကျမ်းတတ် ပုဂ္ဂိုလ်များက ယုံကြည်ကြသည်။ သို့သော် ဤ ဂိလ်းကာမစ် (Gilgamash) ကဗျာသည် ဒဏ္ဍာရီဆန်ဆန် ပုံစံ ပေါက်သော နတ်သမီးများ၊ အမျိုးမျိုးဖြင့်တန်ဆာ ဆင်သော၊ ဖြစ်နိုင်စရာမရှိသော၊ အန်စာတုံးပုံ သင်္ဘောဖြစ်သည်။ သို့သော် ကမ္ဘာဉီးကျမ်းပုံပြင်သည် စစ်မှန်သောပုံပြင်ဖြစ်သည်။ ဤပုံပြင် နှစ်ခု စလုံးက အမှန်အကန်အဖြစ်အပျက် တစ်ခုကိုအခြေခံကြသည်။ ကမ္ဘာဉီး ကျမ်းသည် အဖြစ်အပျက်မှန်ဖြစ်၍ ဂိလ်းကာမစ် (Gilgamash) ကဗျာ သည် ထင်ယောင် ထင်မှားဖြစ်စေသည့်အဆိုဖြစ်သည်။

wikipedia.orgmt-st-helens2
၁၉၈၀ခုနှစ်တုံးက ဟလင်းတောင်ကြီး မီးတောင်ပေါက်ကွဲခြင်းက ဘူမိဗေဒ ပညာရှင်များ၏ ယူဆချက်ကိုပြောင်းလဲစေသည်။

ဤပုံပြင်များနှင့် အခြားရာနှင့်ချီပုံပြင်များသည် သိသာထင်ရှားသော တူညီမှု များရှိကြသည်။ လူသားအားလုံးသည် တစ်ကမ္ဘာလုံး ရေလွှမ်းမိုးခြင်းမှ လွတ်မြောက် သော လူရှစ်ယောက်ထံမှ ဆင်းသက်ကြောင်း ဤသက်သေပြချက်များက ကျမ်းစာကို ထောက်ခံသည်။ ကမ္ဘာ့သမိုင်းအဖြစ်အပျက်အား မျက်မြင်သက်သေများ၏ ရေးသား ချက်များကို ကျမ်းစာက မှတ်တမ်းထားသည်။

ဇီဝဗေဒဆိုင်ရာ သက်သေပြချက်များရှိသလား။

ကမ္ဘာကြီးကို ကျမ်းစာရှုတောင့်အားဖြင့်ကြည့်လျှင် ရေလွှမ်းမိုးခြင်းအတွက် ဇီဝဗေဒ ဆိုင်ရာသက်သေပြချက် နေရာတိုင်းမှာတွေ့ရှိသည်။ ငါမယုံ ဘူးဆိုလျှင် ငါမမြင် တွေ့ခဲ့သော ကြောင့်ဖြစ်သည်ဟု လူတစ်ယောက်ကပြောခဲ့သည်။

တစ်ကမ္ဘာလုံး ရေလွှမ်းမိုးခြင်းနှင့်ဆိုင်၍ ကျမ်းစာဖေါ်ပြသကဲ့သို့ ရေတိုက်စား မှုကြောင့် ကျောက်ဖြစ်ရုပ်ကျွန်းများ အောက်မှာ သန်းပေါင်းများစွာသော အသေကောင် များ ကမ္ဘာ တစ်လျှောက်လုံးတွင်တွေ့ရှိသည်။ ၎င်းသည် ဇီဝဗေဒပညာ ရှင်များ၏ ရှာဖွေတွေ့ရှိ ချက်များဖြစ်ပါသည်။ အနည်ကျ နုန်းကျောက်လွှာများ အောက်တွင် ကျောက်ဖြစ် ရုပ်ကြွင်း များကို သန်းနှင့်ချီ ကမ္ဘာတစ်လျှောက် လုံးတွင်တွေ့ရှိသည်။ ကမ္ဘာ့ တိုက်ကြီးများ၏ မျက်နှာပြင် ၇၅% ခန့်သည် အနည်ကျနုန်း ကျောက်လွာများ ဖြစ်ကြသည်။ ထူထပ်ပြီး လေးနက်သော ကျောက်စရစ် အလွှာများ၊ သဲနှင့် နုန်းမြေ များသည် ရေဖိအားကြောင့် သိုက်သည်း ကျစ်လစ်လာပြီး မာသောကျောက် ကဲ့သို့ဖြစ် လာသည်။ နုန်းမြေများနှင့်ရောနှော်သော အနည်ကျမြေမြှုပ်သည့်ကျောက်ဖြစ် ရုပ်ကြွင်း များကြားတွင် တိရိစ္ဆာန်များနှင့် သစ်ပင်များ သန်းနှင့် ချီတွေ့ရှိသည်။ ၎င်းတို့သည် နှစ်ပေါင်း သန်းနှင့်ချီ တဖြည်းဖြည်း မြှုပ်သွား နိုင်သည် မဟုတ် သို့မဟုတ် အသေကောင် တို့ကိုရှာစားသည့် သားငှက် တိရိစ္ဆာန်များလည်းစားနိုင်သည် သို့မဟုတ် ဆွေးမြေ့ ပျက်စီးနိုင်သည်။ ထင်မြင် ယူဆချက်အမျိုးမျိုးရှိကြသည်။ ဉပမာ အမြီးကြီးများ၍ ရေကူး နိုင်သည့် ခြေလက်လေးခုပါရှိပြီး ယခု အခါမျိုးတုံးနေပြီဖြစ်သော အဏ္ဍဝါ တွားသွား တိရိစ္ဆာန် ကလေးမွေးချိန်တွင်မြှုပ်ခြင်းခံနိုင်သည်။ ထို အဏ္ဍဝါ တွားသွားတိရိစ္ဆာန် အကောင် ပေါက်စလေး၏ ကျောက်ဖြစ် ရုပ်ကြွင်းလည်းရှိ၍ အချိန်မှီ ရေခဲဖြစ်ခဲ့သည်။ အစာစားခြင်း မပြီး သေးမှီ သေဆုံးမြှုပ်နှံခြင်းခံသော ငါးများ လည်းရှိ သေးသည်။

နောဧခေတ် ရေလွှမ်းမိုးခြင်းအတွက် ကမ္ဘာတစ်လျှောက်လုံးမှာ အနက်ဆုံး သမုဒ္ဒရာမှအစ အမြင့်ဆုံးကုန်းမြင့်အထိ ကျွန်တော်တို့ သက်သေရ ရှိပါသည်။ ကမ္ဘာ တစ်ဝှမ်း ခရီးသွားသည့်အခါ နော်ဧ ခေတ် ရေကြီးခြင်း၏ သက်ရောက်မှု များကို ကမ္ဘာ့ ရုခင်းက ထိန်းထားသော ကုန်းပြင်မြင့် များနှင့် နက်ရိုင်းသောချောက်ကြီးများ၊ တောင်ကြားများ၊ မီးခဲများ၊ ချောက်ကမ်းပါး များတွေ့ပါလိမ့်မည်။ ထိုသက်သေများကို အားလုံးကမြင်နိုင်အောင် ကမ္ဘာတစ်ဝှမ်း လုံးမှာ ရှိ ကြသည်။

ရေကြီးခြင်းကြောင့်ဖြစ်သော ကျောက်ဖြစ်ရုပ်ကြွင်းများသည် အဘယ်ကြောင့် သန်းပေါင်းများစွာ သက်တမ်းဖြစ်နိုင်သနည်း။

ကျောက်ဖြစ်ရုပ်ကြွင်းများ၏ သက်တမ်းသည် နှစ် သန်းပေါင်းများစွာရရှိသည်ဟု ယုံကြည်ကြသောကြောင့် နော်ဧခေတ်ရေကြီးခြင်းကြောင့် မဖြစ်နိုင်ဟု ယုံကြည်ကြ သည်။ သို့သော် ထိုသက်တမ်းများသည် လူတို့၏ ထင်မြင်ချက်များသာဖြစ်၍၊ သက်တမ်း ကို တိုက်ရိုက် တိုင်းထွာနိုင်ခြင်းမရှိပါ။ ကမ္ဘာ့ သက်တမ်းသည် နှစ်ပေါင်း ထောင်ချီသာ ဖြစ်ကြောင်း သက်သေပြချက်များစွာရှိပါသည်။

 10240-crinoid-fossils
မြေကြီးအောက်ကျောက်ဖြစ်ရုပ်ကြွင်းများတွေ့ရခြင်းဖြင့်ရေ လွှမ်းမိုးခြင်းသည် ကမ္ဘာတစ်ဝှမ်းလုံးဖြစ်ကြောင်း သက်သေထူစေသည်။

ဉပမာ၊ ဆစ်ဒနီမြို့ကျောက်ကျင်းမှရရှိသော သဲကျောက်များဖြင့် ဖုံးအုပ် ထားသော သစ်သားတစ်ချပ်ရှိသည်။ သဲကျောက်၏ သက်တမ်းသည် နှစ်ပေါင် သန်း၂၀၀ ရှိမည်ဟု ခန့်မှန်းသော်လည်း သစ်သားလေး၏ သက်တမ်းကို ကာဘွန်-၁၄ အားဖြင့် စိစစ်သည့်အခါ ထောင်ဂဏန်းလောက်သာရှိသည်။ ထို ခြားနားသော သက်တမ်း နှစ်ခုထဲမှ တစ်ခုကိုလက်ခံရန် လွန်ခဲ့သောကာလနှင့် ပါတ်သက်၍ သူတို့၏ ယုံကြည် ချက်ကို အခြေခံပြီး သိပ္ပံပညာ ရှင်များ ကဆုံဖြတ်ချက်ချရမည်။

နုန်းမြေအနည်ကျခြင်းနှင့် အလွှာလွှာဖြစ်အောင်လုပ်ခြင်းသည် တဖြည်းဖြည်း နှစ်ထောင်ပေါင်းများစွာ စုပုံလာခြင်းမှဖြစ်လာသည်ဟု လူများက ယူဆကြသည်။ သို့သော် ရှင်ဟေလဲင်း (St Helens) မီးတောင်သည် ဇွန်လ ၁၉၈၀တွင် ပေါက်ကွဲသည့် အချိန်တုံးက တစ်နာရီအတွင်း အနည်အထပ်အလွှာများသည် ၈ မီတာ အထိ နူန်းတင် ခဲ့သည်။ ထိုအခါ အထပ်ထပ် အလွှာများသည် လျှင်မြန်စွာ ဖြစ်လာနိုင်ကြောင်း ဘူမိဗေဒ ပညာရှင်များက နားလည် သဘော ပေါက်ကြသည်။

နက်ရိုင်းသော ချောက်ကြီးဖြစ်ဖို့ရန် နှစ်သန်းပေါင်းများစွာမလိုအပ်ပါ။ ဗ ာလင်းကိမ်း ချောက်ကြီး (အမေရီက အနောက်မြောက်)သည် တဖြည်းဖြည်း နှစ်ပေါင်းသန်းချီ ရေကြီး တိုက်စားမှုကြောင့်ဖြစ်ဟန်တူသော်လည်း တစ်ဟုန်ထိုး မိုးရွာ သွန်းမှုနှင့် ရေကြီးခြင်း၏ တိုက်စားမှုကြောင့် ရက်အနည်းငယ်အတွင်း ဖြတ်တောက် ခဲ့သည်။

flour-sack

ကျောက်များသည် မာကြောဖို့ရန် နှစ် သန်းပေါင်းများစွာလိုအပ်သည်ဟုထင်ကြသည်။ သို့သော် အဲဒါဟာမမှန်ဘူး။ အမေရီကနိုင်ငံမှာ ရှိတဲ့ ဂျုံမှုန့် ကြိုက်စက်သည် ရေကြီးခြင်းကြောင့် ရေကဖုန်းအုပ်၍ ဂျုံမှုန့်အိတ်များသည်ရက် သတ္တပတ်အနည်းငယ်အတွင်းကျောက် အဖြစ် သို့ ပြောင်းလဲသွားကြသည်။

လူသားများသည် နှစ်ပေါင်းသန်းနှင့်ချီအသက်ရှင်နေထိုင်လျှင် ကျွန်တော်တို့ လက်ရှိ ကမ္ဘာ့ လူဉီးရေ သန်း ၆၀၀၀ သည် အဆ ၁၀၀ ဂဏာန်း နည်းပေသည်။ ၁၆၅၀ ခုနှစ် စက်မှု တော်လှန်းရေးအစတုံးက ကမ္ဘာ့လူဉီးရေသည် သန်း ၅၀၀ လောက်သာ ရှိခဲ့သည်ကို သင်သိ သလား။ ယခု တိုးတက်နှုန်းက အလွန် မြန်ဆန်နေသည်။ နှစ်ပေါင်း သန်းချီကြာသော ဆင့်ကဲ ဖြစ်စဉ်ကို မပြောနှင့်၊ ယခုကမ္ဘာ့ လူဉီးရေသည် လွန် ခဲ့သော နော်ဧ ခေတ်ရေကြီးချိန် နှစ်ပေါင်း ၄၅၀၀ တုံးက လူဉီးရေသည်ပြောင်းလဲမှုမရှိပါ။

တိရိစ္ဆာန်များသည် အာရရတ်တောင်ပေါ်မှ ကမ္ဘာအနှံ့ ဘယ်လို ပြောင်းရွှေ့နိုင်သနည်း။

တိရိစ္ဆာန်များစုံတွဲအလိုက် သင်္ဘောမှထွက်လာကြပြီး ခရီးဝေးဉီးတည် ကြသည် ကို လူတော်တော်များများက စိတ်ကူးယာဉ်ကြသည်။ သို့သော် ခေတ်အဆက်ဆက် တိရိစ္ဆာန် မျိုးဆက်များပြောင်းရွှေ့ နေထိုင်ကြသည်ကိုလည်း ရာစုနှစ် ပေါင်းများစွာ လွန်သွားပါပြီ။

ရေကြီးပြီးနောက်မကြာခင်လေး ရေခဲ ခေတ် (the Ice Age)တွင် ပင်လယ်ရေ မျက်နှာပြင်သည်အလွန်နိမ့်ခဲ့၍ တိရိစ္ဆာန်များဖြတ်သန်းသွားလာ ရေးတွင် အလွန် လွယ်ကူ စေခဲ့သည်။ ယခုခေတ်မှာလည်း ခဏခဏတွေ့ကြ သကဲ့သို့ တိရိစ္ဆာန်များသည် ပင်လယ် ပေါ်တွင်မျော်ပါနေသော သဘာဝ ပေါက်ပင်များပေါ်တွင် လျှောက်လှမ်း၍ ခရီးသွားနိုင်ကြသည်။ ထို့အပြင် ယခုခေတ်မှာ လူများတိရိစ္ဆာန်များကို သယ်ဆောင် သကဲ့သို့ သယ်ယူ ပို့ဆောင် နိုင်ခဲ့သည်။

Geoff Gallice (cc by 2.0) via wikimedia10240-cane-toad
ဂိမ်း ဖား (Cane toad)

အမှန်တကယ်ဖြစ်ရပ်သည် ဉပမာအတွက် အကောင်းဆုံးဖြစ်သည်။ ဂိမ်း ဖား (cane toads) များကို ဩစတီးလျှ နိုင်ငံသို့ လူများက မိတ်ဆက် လာတဲ့အခါမှာ ကီလိုမီတာ ၂၀၀၀ အကွာအဝေး အထိပျံ့နှံ့ရန် အနှစ် ၁၀ ဘဲကြာခဲ့သည်။ သူတို့၏ ပျံ့နှံ့နှုန်းသည် တစ်နှစ် အတွင်း ကီလိုမီတာ ၅ မှ ၅၀ ကီလိုမီတာအထိ ဖြစ်သည်။ ထိုဖါးများသည် ယုန်များ၊ ကြွက်များ နှင့် အခြားသွေးအေး သတ္တဝါများလောက် ပြောင်းရွေ့ နှုန်းမမြန် ဆန် နိုင်ကြပါ။

နောဧခေတ် ရေကြီးပြီးနောက်ပိုင်း သက်ရှိသတ္တဝါများအတွက် လွတ်လပ်သော နေရာ ကောင်းများသို့ ပြောင်းရွှေ့နေထိုင်ရန် အခက်အခဲများမရှိကြပါပေ။

နော်ဧသင်္ဘောကြီးကို ရှာဖွေတွေ့ရှိပြီးပြီလား။

သတ္တမလ၊ ဆယ်ခုနစ်ရက်နေ့တွင် သင်္ဘောသည် အာရရတ်အမည် ရှိသော တောင်ပေါ်မှာတင်လေ၏။ (ကမ္ဘာဉီးကျမ်း ၈း၄)

ကျမ်းစာထဲတွင်ရှိသော တောင်ကို ယနေ့ တူရဂီနိုင်ငံတွင်ရှိသောအာရ ရတ်တောင်နှင့် လူတော်တော်များများက ဆက်စပ်ကြည့်ကြသည်။ ရာစုနှစ် လွန်ခဲ့သော တောင်ကို စုံစမ်း ရှာဖွေချက်များစွာကို လုပ်ခဲ့ကြသော်လည်း သင်္ဘောကိုတွေ့ပြီးလို့ နိဂုန်းချုပ်နိုင် လောက် သည် အထိ သက်သေများမရရှိသေးပါ။

သို့သော် တူရဂီနိုင်ငံတွင်ရှိသော အာရရတ်တောင်သည် သမ္မာကျမ်းစာက ဖေါ်ပြ သော တောင်လို့ ကျွန်တော်တို့ အသေအချာယုံကြည်လို့မရသေးပေ။ တူရဂီနိုင်ငံ တွင်ရှိ သော အာရရတ်တောင်သည် ချွန်ထက်သောကြောင့် သင်္ဘောကြီးလုံခြုံစွာ နားနေရန် မဖြစ်နိုင်လောက်ပါ။ အရှေ့အလယ်ပိုင်း( Middle East) တောင်တန်းများ အနီးအနား တွင် သင်္ဘောသည် ရပ်နားမည်လို့ ဖန်ဆင်းခြင်းကို ယုံကြည်သော အချို့ ပညာရှင်များက အကြံပြုသော ကြောင့် ထိုနေရာများကို လေ့လာရန် အဆိုပြုကြသည်။ ယခုလက်ရှိ အာရရတ်တောင်၏ နာမည်သည် လွန်ခဲ့သော နှစ် ထောင် အနည်းငယ် တုံး က ပေးသော နာမည်ဖြစ်သည်ဟု အကြံပြုကြသည်။

သင်္ဘော၏ လက်ကျန်ကို မတွေ့နိုင်တော့ဘဲဖြစ်နိုင်သည်။ လွန်ခဲ့သော နှစ် ၄၅၀၀ တုံးက ဆိပ်ရောက်သောအရာဖြစ်၍၊ အစိတ်စိတ်အမွှာမွှာပြိုကွဲပြီးသား သို့မဟုတ် ချေဖျက်ခြင်းလည်းဖြစ်ခဲ့နိုင်သည်(အိမ်ဆောက်ဖို့ရန် သို့မဟုတ် ထင်းရိုက်ဖို့ အတွက် လည်း) ဖြစ်နိုင်သည်။ အခြားနည်းအားဖြင့်၊ သင်္ဘောသည် ယနေ့အထိ ထိန်းသိမ်း တာလည်းဖြစ်နိုင်သည်ဟု ကျမ်းတတ် ပုဂ္ဂိုလ်ကြီးများက ယုံကြည်ကြသည်။

ကမ္ဘာကြီးကို ဘုရားသခင်က အဘယ်ကြောင့်ဖျက်ဆီး ခဲ့ သနည်း။

နော်ဧ ခေတ်ရေလွှမ်းမိုးခြင်းအဓိက အရေးကြီးအကြောင်းရင်း တစ်ခုသည် ကျမ်းစာက ဤ ကဲ့သို့ဖေါ်ပြသည်။

မြေကြီးပေါ်မှာ လူအပြစ်ကြီး၍၊ သူ၏ စိတ်နှလုံးအကြံအစည်ရှိ သမျှတို့သည် အစဉ်မပြတ် ဆိုးညစ်ခြင်းသက်သက်ရှိကြောင်းကို၊ ဘုရားသခင် သိမြင်တော်မူလျှင်၊ (ကမ္ဘာဉီးကျမ်း ၆း၅)။

ဖန်ဆင်းရှင် ဘုရားက ဖန်ဆင်းထားသောအရာများကို အရေးစိုက် ကြောင်းကို ရေလွှမ်းမိုးခြင်းအားဖြင့် သတိပေးခြင်းဖြစ်သည်။ ကျွန်တော်တို့၏ အကျင့်များကို သူသည် ဂရုစိုက်၍ သူသည် ကမ္ဘာကိုလည်း တရားစီရင် မည်ဖြစ်ပါသည်။ သူ့ကို အားကိုး သော သူများကိုလည်း သူက ကယ်တင်မည်ဖြစ်ပါသည်။

နောဧ၊ သူ့ဇနီး၊ သူ့သားများ၊ သူတို့၏ ဇနီးသည်များမှစ၍ ကမ္ဘာ့လူသား အားလုံးသည် သူတို့၏ အကြမ်းဖက်မှုများနှင့် အကျင့်ပျက်ချစားမှုများတွင် ဆက်လက် နေထိုင်ခဲ့ကြသည်။ ထို့ကြောင့် ဘုရားသခင်က သူတို့ကို တရားစီရင်ခဲ့သည်။ အပြစ်ဒဏ် သည် အလွန်ပြင်းထန် သော်လည်း ဘယ်သူမှ ခွင့်လွတ်ခြင်း မရှိခဲ့ပါ။

ကမ္ဘာမြေကြီးဆေးကြောရန် သူ့နည်းလမ်းအားဖြင့် ရေကြီးခြင်းကို အသုံးပြုခဲ့ ကြောင်း၊ သူ့ကို အားကိုးသူများကို အားမကိုးသောသူများထံမှ ခွဲခြားခဲ့ကြောင်း ကျွန်တော်တို့ တွေ့ရှိသည်။ လူသားများကို ဆေးကြော ပြုပြင်ဖို့ရန် နှင့် တရားစီရင် ဖို့ရန် ဤ နည်းလမ်းကို ဘုရား သခင်ကအသုံးပြုခဲ့ကြောင်း ကျမ်းစာထဲမှာမှတ်တမ်းတင်သည့် သမိုင်း တစ်လျှောက်မှာ ကျွန်တော်တို့တွေ့ရှိသည်။

သမိုင်းတစ်လျှောက်မှာ သူဆက်ဆံသည့်ပုံစံများကို သတိပြုမှတ်ထား၍ ဘုရား သခင်၏ သွန်သင်ခြင်းများကို နားခံဖို့လိုအပ်သည်။ စစ်မှန်သောသမိုင်းကို သတိမထား လျှင်၊ ကျမ်းစာထဲမှာ ဖေါ်သည်အတိုင်း ကမ္ဘာကို နားလည် သဘော ပေါက်ခြင်းမရှိလျှင်၊ အကယ်၍ ကျွန်တော်တို့ နာခံခြင်းမရှိလျှင် ထိုကဲ့သို့မှားယွင်းခြင်းမျိုးနှင့် အကျိုးဆက် များကြုံတွေ့ ခံစားမည်ဖြစ်ပါသည်။

အခန်း – ၄

နောဧ သင်္ဘောသည် ကျွန်တော်တို့ အတွက် သင်ခန်းစာများရှိသလား။

သူ့ကိုယုံကြည်၍ နာခံသောသူများလွတ်မြောက်ရာလမ်းကို ဖန်ဆင်းရှင် ဘုရားက တရားစီရင်သည့်အချိန်တွင်လည်းပြင်ဆင်ပေးကြောင်း သင်္ဘောက သတိပေး သည်။ တစ်နည်းဆိုသော်လာမည့် တရားစီရင်ခြင်းမှ ကျွန်တော်တို့အားလုံးလွတ် မြောက်ရန် ကျမ်းစာ၏ သတင်းစကားနှင့် ယေရှုခရစ်၏ သတင်းကောင်းလည်း ဖြစ်သည်။

ထိုမှတပါး လူသားသည်ပျောက်သောသူတို့ကို ကယ်တင်အံ့သောငှာ ကြွလာသတည်း။ (ရှင်မသဲ ၁၈း၁၁)

ပျောက်သောသူများကိုရှာဖွေရန်နှင့် ကယ်တင်ဖို့ရန် ဘုရားသခင်၏ သားတော်သခင် ယေရှုခရစ်သည် သင်္ဘောကဲ့သို့လုံခြုံမှုရှိသည်။ သင်္ဘောကြီးက နောဧနှင့် သူ့၏ မိသားစုများကို ရေကြီးခြင်းမှ ကယ်တင်ခဲ့သည်။ ကမ္ဘာကြီးအတွက်လာမည့် ပျက်ဆီးခြင်းသည် မီးအားဖြင့် ဖြစ်မည်အကြောင်း သမ္မာကျမ်းစာက ဖေါ်ပြထားသည်။ ယေရှု ခရစ်ကို မိမိကယ်တင် ပိုင်ရှင် အဖြစ် ကိုးစား၍ နာခံလျှင် ဘုရား သခင်၏ လာမည့် တရားစီရင်ခြင်းအားလုံးမှ ကျွန်တော်တို့ကို ကယ်တင်မည်ဖြစ်ပါသည်။ လွတ်မြောက် နိုင်ဖို့ရန် နောဧ နှင့် မိသားစုအားလုံးသည် သင်္ဘော၏ တံခါးပေါက်မှဝင်ရမည်။ ကျွန်တော်တို့သည် လည်း တံခါးပေါက်ကနေဝင်သကဲ့သို့ ယေရှုခရစ်ကို တုံ့ပြန် ရမည်။

ငါသည်တံခါးဝဖြစ်၏။ ငါဖြင့်ဝင်သောသူသည် ဘေးနှင့် ကင်းလွှတ်လျက်ဟု သခင်ယေရှုမိန့်မှာခဲ့သည်။ (ရှင်ယောဟန် ၁၀;၉)

သတင်းကောင်းသည်မှာရှိသည်။

Creation Ministries International က ဘုရားသခင်ကို ဖန်ဆင်းရှင်ကဲ့သို့ ဂုဏ်ပြုရန်နှင့် ဘုန်းတန်ခိုးထင်ရှားစေရန်၊ ကျမ်းစာထဲမှာ ဖေါ်ပြထားသော ကမ္ဘာနှင့် လူသားများ၏ သမိုင်း အကြောင်းအရာများသည် စစ်မှန်သော မူရင်းဖြစ်ကြောင်း အတည်ပြုပါသည်။

ပထမဆုံး လူသား၊ အာဒံက ဘုရားသခင်၏ အမိန့်အာဏာကို ဆန့်ကျင် ပုန်ကန်ခြင်း သတင်းဆိုးသည် စစ်မှန်သော သမိုင်း၏ အပိုင်းအစဖြစ်သည်။ သူ့၏ နာမခံခြင်းကြောင့် သေခြင်း၊ ဆင်းရဲ ဒုက္ခများနှင့် ဘုရားသခင်နှင့်ကင်းကွာခြင်းများကို ဤလောကသို့ ယူဆောင် လာခဲ့သည်။ ထို ဆိုးကျိုးများကို ကျွန်တော်တို့ လူသားအားလုံး အပေါ်မှာတွေ့မြင်ကြသည်။

အာဒံမှဆင်းသက်လာသောလူသားအားလုံးသည် အမိဝမ်းထဲမှာ ပဋိသန္ဓေယူစဉ်ပင် အပြစ် စွဲယူလာ၍ (ဆာလံ ၅၁း၅)၊ ပုန်ကန်ခြင်း(အပြစ်)သို့ သူတို့ကိုယ်တိုင် ပါဝင်ကြ သည်။ ထို့ကြောင့် သူတို့သည် သန့်ရှင်းသော ဘုရားသခင်နှင့် အတူမနေနိုင်တော့ဘဲ သူနှင့် ခွဲခွာပြီး အပြစ်တင် ခြင်းကို ရင်ဆိုင်ကြသည်။ လူအပေါင်းတို့သည် ဒုစရိုက်ကို ပြု၍ ဘုရား သခင်ရှေ့တော်၌ အသရေ ပျက်ကြပြီဟု (ရောမ ၃း၂၃) ကျမ်းစာကဖေါ်ပြ၍၊ ထိုသူတို့သည် သခင်ဘုရား၏ မျက်နှာတော်နှင့် ၎င်း၊ တန်ခိုးရှိသော ဘုန်းတော်နှင့် ၎င်းကွာ၍ ထာဝရပျက်စီးခြင်းတည်းဟူသော အပြစ်ဒဏ်ကို ခံရကြလတံ့၊ ( ၂ သက်သာ ၁း၉)။ သို့သော် သတင်းကောင်းသည် ဘုရားသခင်က အခြားအရာ တစ်ခုလုပ်ပေးခြင်း အကြောင်း အရာဖြစ်သည်။

ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည်၊ ပျက်စီး ခြင်းသို့ မရောက်၊ ထာဝရ အသက်ကိုရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌တပါး တည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားကို ချစ်တော် မူ၏။ (ယောဟန် ၃း၁၆)။

သူသည်လုံးဝအပြစ်ကင်းသောသူဖြစ်သော်လည်း ဖန်ဆင်းရှင် ယေရှု ခရစ်သည် ဒုက္ခဝေဒနာခံစားခဲ့သည်၊ အပြစ်ကြောင့် ဒဏ်ခက်ခြင်းဖြစ်သော လူသားများ ကိုယ်စား သေခြင်းနှင့် ဘုရားသခင်နှင့် ခွဲခွါခြင်းကို ရင်ဆိုင်ခဲ့သည်။ အဖ၊ ဘုရားသခင်၏ တရားမျှတ ခြင်းနှင့် သန့်ရှင်းခြင်းမှ ဖြောင့်မတ်သောတောင်းဆိုခြင်းကို ကျေနပ် နှစ်သိမ့် စေခဲ့သည်။ ယေရှုသည် စုံလင်သော ယဇ်ပူဇော်ြခင်း ဖြစ်၍၊ ကားတိုင်ပေါ်မှာ အသေခံ ခဲ့သည်။ သို့သော်သုံးရက် မြှောက်နေ့မှာ ရှင်ပြန်ထမြောက်သည်။ သေခြင်းကို အောင်မြင်ခဲ့သည်၊ မိမိ အပြစ် အတွက် နောင်တရ၍ သူ့ကို အားကိုး သောသူများ ( မိမိ၏ ကောင်းမှု ကုသိုလ်များကို အားမကိုဘဲ) ကို သူ့ထံသို့ အမှန်တကယ် ဆက်ကပ် အပ်နှံ သော သူများသည် ဘုရားသခင် ထံသို့ ပြန်လာနိုင်ကြကာ ဖန်ဆင်းရှင်နှင့် အတူ ထာဝရ အသက်ရှင်လိမ့်မည်။

သားတော်ကိုယုံကြည်သောသူသည် အပြစ်စီရင်ခြင်းကို မခံရ။ မယုံကြည်သောသူမူကား၊ ဘုရား သခင်၌ တပါးတည်းသော သားတော် ကို မယုံကြည်သောကြောင့် ယခုပင်အပြစ်စီရင်ခြင်းကို ခံရ၏။ (ရှင်ယောဟန် ၃း၁၈)။

ကျွန်တော်တို့၏ ဖန်ဆင်းရှင် ခရစ်တော်သည် ဘယ်လောက်အံ့ဩဘွယ်ကောင်း သော ကယ်တင်ခြင်း၊ ဘယ်လောက်အံ့ဩဘွယ်ကောင်းသော ကယ်တင်ပိုင်ရှင် ဖြစ်သနည်း။

ကိုးကားချက်များနှင့်မှတ်စုများ

  1. Using the generally accepted measure for a cubit of 18 inches (45.7 cm). Return to text.
  2. See The Puzzle of Ancient Man by Dr Donald Chittick. Return to text.
  3. The catamaran galley of Tessarakonteres, built for Ptolemy IV in 210 BC. Return to text.
  4. And only those which breathed through nostrils – i.e. land animals with backbones (Genesis 7:22). Return to text.
  5. Genesis 7:2–3 says that Noah took two of every unclean kind of animal, but seven of each clean kind, and seven of each kind of bird. Return to text.
  6. God ‘programmed’ this variety into the DNA code of each animal kind, and even the human kind! He designed the basic kinds of animals so that it is impossible for them to reproduce with each other. Dogs and cats cannot interbreed and produce a new type of creature. Return to text.
  7. According to Woodmorappe, the number of animals could range from 2,000 to 16,000. It all depends on what the biblical kind is. He chose the larger and more difficult number to show that Noah’s Ark is feasible. Return to text.
  8. Dinosaurs: Did they die out 65 million years ago? (creation.com/tracts#dinosaurs) has some amazing evidence that dinosaurs lived until relatively recent times. See creation.com/en/topics/fossils/soft-tissue for fascinating articles about soft tissue and blood vessels discovered in a T. rex bone—amazing evidence that dinosaurs were alive only recently. Return to text.
  9. Read The Young Earth by Dr John Morris for powerful evidence that the earth is not billions of years old. Return to text.
  10. How did the Flood cover ‘all the high hills under the whole heaven’ when Mount Everest is more than 8 km high? It didn’t cover today’s mountains. They were pushed up towards the end of the Flood by movements of the earth’s plates. Even the layers at the top of Mount Everest are water-deposited limestones containing marine fossils, so everyone agrees that it was once under the ocean. Return to text.
  11. See article by Hong and others entitled, Safety investigation of Noah’s Ark in a seaway, Journal of Creation 8(1):26–36, 1994; creation.com/arksafety. Return to text.
  12. In the general use of the term, as defined earlier by the biblical reference to nostril-breathing, i.e. vertebrates. Return to text.
  13. See the New American Standard Bible, for example. Return to text.